အောင်မြင်မှုဒဏ်ကို ခံရပ်အနိုင်ယူခြင်း
ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း
အောင်မြင်မှုဒဏ်ကို ခံရပ်အနိုင်ယူခြင်း
ဆုံးရှုံးမှုများသည် အောင်မြင်ခြင်းသို့ဖြတ်လမ်း” (Failure: The Back Door of Success) အမည်ရှိ စာတစ်အုပ်ကို Erwin Lutzer ဆိုသူက ရေးသားခဲ့သည်။ ထိုအဖိုးတန်စာအုပ်သည် ယောသပ်၏ ဘဝအသက်တာအကြောင်း…
ခရစ်တော်၌ အတွေးများကို ချုပ်ထိန်းပါ
Katie Ledecky(ကေတီလဒက်ကီ)သည် သူအကျွမ်းကျင်ဆုံးရေကူးအားကစားဖြင့် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၏ မီတာ၁၅၀၀ အလွတ်ကူးပြိုင်ပွဲတွင် ယှဥ်ပြိုင်ရင်း တစ်ကြော့ပြီးတစ်ကြော့ ကူးခတ်ခဲ့သည်။ သူမသည် ၁၅ မိနစ်ခန့် စောပြီး အခြားရေကူးသမားများ၏ရှေ့မှပန်းဝင်ခဲ့ပြီး တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေသည်။ ထိုတာဝေးရေကူးပြိုင်ပွဲတွင် လဒက်ကီသည် မည်သည့် အရာများကို တွေးနေသနည်း။ သူမ အိုလံပစ်စံချိန်သစ် တင်နိုင်ခဲ့ပြီး ရွှေတံဆိပ်ရခဲ့သည့်ပြိုင်ပွဲအပြီး ချက်ချင်းပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် လဒက်ကီ သည် သူမ၏လေ့ကျင့်ဖော်များအကြောင်း စဉ်းစားနေပြီး၊ ၎င်းတို့၏အမည်များကို စိတ်ထဲ၌ ရေရွတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တာဝေးရေကူးသမားများသာ မှန်ကန်သောအရာများအပေါ် အာရုံစိုက်ရန် လိုအပ်သူများ မဟုတ်ပါ။ သခင်ယေရှု၌ ယုံကြည်သူ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းခရီးတစ်လျှောက်တွင် မိမိ၏အတွေးများကို စောင့်ထိန်းရန်လိုသည်။
တမန်တော်ရှင်ပေါလုသည် ဖိလိပ္ပိအသင်းတော်အား “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ဆုတောင်းပတ္ထနာပြု”ကာ၊ “သခင်ဘုရား၌ ဝမ်းမြောက် ရန်” ခွန်အားပေးခဲ့သည်(ဖိ၄:၄-၆)။ ရလဒ်အနေဖြင့် “အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည်…
စိတ်ဆင်းရဲခြင်းများကို ကျော်လွှားအောင်နိုင်ခြင်း
ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း
စိတ်ဆင်းရဲခြင်းများကို ကျော်လွှားအောင်နိုင်ခြင်း
ဘေ့စ်ဘောပြိုင်ပွဲတွင် Joe Torre သည် အကောင်းဆုံးဆု ချီးမြှင့်ခံခဲ့ရသည်။ နှစ်အတော်ကြာသွားသောအခါ သူသည် အားကစားသတင်း ဖတ်ကြားသူအဖြစ် အသံလွှင့် ဌာနတစ်ခုတွင် လုပ်ကိုင်သည်၊ လူငယ် တစ်ယောက်က သူ့ကို…
ဘုရားသခင်ထံငိုကြွေးမြည်တမ်းခြင်း
နယူးယောက်မြို့ရှိ အမြွှာမျှော်စင် တိုက်ခိုက်ခံရသည့် ၉/၁၁ အောက်မေ့ဖွယ်နှင့် ပြတိုက် (9/11 Memorial & Museum) ၏ အဖွင့်ပြသမှုများကို စူးစမ်းလိုစိတ်ကြောင့် သွားရောက်ကြည့်ရှုခဲ့သော်လည်း ကျွန်မ၏စိတ်ခံစားချက်များကို ထိန်းထားခဲ့သည်။ ကလေးများနှင့် နှလုံးကြေကွဲဖွယ်ပုံများကို မမြင်လိုသူများ မဝင်ရသော ပြတိုက်မှူးများ အမြော်အမြင်ရှိစွာ တားမြစ်ထားသည့် အတွင်းပိုင်းပြခန်းသို့ ဝင်ကြည့်သောအခါ ကျွန်မခံစားချက်တို့ပြောင်းလဲသွားသည်။ ကြေကွဲဝမ်းနည်းဖွယ်ရာနှင့် ဆုံးရှုံးရမှုအဖြစ်အပျက်များ တစ်ခုပြီးတစ်ခု မြင်ရပြီးနောက် ကျွန်မရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုတို့ လှိုက်တက်လာခဲ့သည်။
ထိုသို့သောပျက်စီးခြင်းနှင့် နာကျင်မှုတို့ကို မျက်မြင်တွေ့ရသည့်အခါ (သို့) သတိရမိသည့်အခါ ဘုရားသခင်ထံ သူတို့၏ဒုက္ခများကို ဟစ်ကြွေးသူများ၏ ငိုကြွေးခြင်းတွင် ကျွန်မတို့ပါဝင်နိုင်သည်။ ယေရုရှလင်မြို့ပျက်စီးပြီးနောက် ပရောဖက်ယေရမိရေးသားသည်ဟု ကျမ်းပညာရှင်များစွာက ယုံကြည်သည့် ယေရမိမြည်တမ်းစကား၌ တွေ့ရသော ဝေဒနာစကားများ- ကျစ်လစ်စွာ ဖွဲ့စည်းထားသည့် ထိုတမ်းချင်းတွင် ဘုရားသခင်၏လူမျိုးများ နာကျင်ခံစားရမှုအပေါ် သူ၏ဝမ်းနည်းမှုနှင့် ကြေကွဲမှုတို့ကို ထည့်သွင်းထားသည်။” အိုထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။…

အပြစ်သွေးဆောင်မှုကို အောင်နိုင်ခြင်း
ဘဝ၏ ဘဝတွင် ကြုံရသော စိန်ခေါ်မှုများကို အောင်နိုင်ခြင်း
အပြစ်သွေးဆောင်မှုကို အောင်နိုင်ခြင်း
ဘဝအသက်တာတွင် ဒုက္ခအမျိုးမျိုး၊ သွေးဆောင်မှုအဖုံဖုံကို ကြုံကြရသည်။ အားကစားသတင်းကြေညာသူ Howard Cosell “မြင်သာသောအရာကို မလွတ်တမ်းအသုံးချပါ” ဟု ပြောသည်၊ အောင်မြင်မှုများနောက်၌ သွေးဆောင်ဖြားယောင်းမှုက ထက်ကြပ် မကွာ…
အစွမ်းမရှိသော်လည်း ဆုတောင်းမပြတ်
“ဒီနေ့[ဘုရားကျောင်း]မှာ ကျွန်တော် ဧည့်ကြိုလုပ်စဥ် လူငယ်တစ်ယောက် ကလေးချီလို့၊ ကျွန်တော့်ဆီလာပြီး ကျွန်တော့်ကို လာဖက်တယ်။ သူ့ကို ခဏငေးကြည့်ရင်း မှတ်မိသွားပြီး ‘ဂျလန်း’လို့ ခေါ်လိုက်တယ်။ ကျွန်တော်တို့နှုတ်ဆက်ပြီး ခဏလေးစကားပြောခဲ့တယ်။ ရည်မွန်လိမ္မာလှတဲ့ လူငယ်လေး”ဟူ၍ သားဖြစ်သူ ဂျလန်းနှင့်ပတ်သက်သည့် မက်ဆေ့ချ်ကို လူမှုကွန်ရက်မီဒီယာမှ ရရှိသောအခါ အန်နီတာဘာလီ၏နှလုံးသား နွေးထွေးသွားသည်။ ထိုဧည့်ကြိုမှာ မိုက်မဲသောရွေးချယ်မှုများ၏ အကျိုးဆက်အဖြစ် ထောင် ၁၂နှစ် ကျခဲ့သော သူတို့၏သားကို ကယ်တင်ရန် အန်နီတာနှင့် သူမ၏ခင်ပွန်း အိဒ်တို့ ဘာမှမတတ်နိုင်သည့်အချိန်၊ သားဆိုးမိုက်ခဲ့ချိန်ကတည်းကပင် ဂျလန်းကို သိကျွမ်းခဲ့သူဖြစ်သည်။
မိဘများသည် အစွမ်းမရှိသကဲ့သို့ ခံစားရသော်လည်း ဆုတောင်းမပြတ်ခဲ့ပေ။ ၆ ရာ ၂၀ တွင် ဘုရင်ယောရှဖတ်လည်း ထို့အတူပင် အစွမ်းမဲ့ခဲ့သည်။ ရန်သူတပ်များ၏ နှောင့်ယှက်မှုကိုခံရသောအခါ သူသည် ဆုတောင်းရန် စည်းဝေးလျက်(:၁-၄)၊ “အို အကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင်ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကို…

သခင်ယေရှုအတွက် မရှက်ကြောက်ပါ
သခင်ယေရှု၌ တည်ကြည်သောယုံကြည်ခြင်းကြောင့် အသတ်မခံရမီ၊ နာမည် မှတ်တမ်းမတင်ရသေးသော အာဖရိကန်သင်းအုပ်ဆရာတစ်ဦးက“မာတုရ၏ ဆုတောင်းသံ”(A Martyr's Prayer)ကို ရေးခဲ့သည်။ ရှေးခေတ်မှ ဤလေးနက်သော သတင်းစကားသည် “ရှက်ကြောက်ခြင်းကင်းသူတို့၏ မိတ်သဟာယ” (The Fellowship of the Unashamed) ဟုလူသိများလာသည်။
ဤသင်းအုပ်၏စကားများသည် သခင်ယေရှုကို ယုံကြည်သူအားလုံး အတွက် စိန်ခေါ်ချက်ဖြစ်ပြီး၊ တိမောသေအား တမန်တော်ပေါလု ပြောခဲ့သော “ငါတို့သခင်ဘုရား၏ သက်သေကိုလည်းကောင်း၊ ရှက်ကြောက်ခြင်း မရှိနှင့်” (၂တိ ၁:၈)။ “အကြောင်းမူကား သန့်ရှင်းသော ဝိညာဉ်တော်သည် ငါတို့အား “တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသော စိတ်သဘောကို ပေးတော်မူ၏”(:၇)ဟူသည့် စကားများကို ထင်ဟပ်သည့်စိန်ခေါ်ချက်ဖြစ်သည်။
စာထဲတွင် သစ္စာရှိသော အာဖရိကန်သင်းအုပ်ဆရာက ဤသို့ရေးသားခဲ့သည်။ “ကျွန်ုပ်သည် ရှက်ကြောက်ခြင်းကင်းသော မိတ်သဟာယ၏တစ်စိတ်တစ်ပိုင်း ဖြစ်ပါ၏။ ဆုံးဖြတ်ချက်ချပြီးပါပြီ။ ကျွန်ုပ်သည် [သခင်ယေရှု] ၏ တပည့်တစ်ဦးဖြစ်ပြီး၊ ကျွန်ုပ်သည်…
